ရှီးပဒီး၏ ကောင်းကျိုးများ

🧬 ရှီးပဒီးဆိုတာ ကျန်းမာရေးကို အကျိုးပြုသည့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ မှိုတစ်မျိုး ဖြစ်ပါတယ်။ အင်းဆက် သားလောင်းလေးများ အပေါ်တွင် ကပ်ပါးနေထိုင်ပြီး ရှင်သန်ကြီးထွားကြပါတယ်။ ရှီးပဒီးကို တရုတ်တိုင်းရင်းဆေး ပညာမှာတော့ လွန်ခဲ့သော ရာစုနှစ်ပေါင်း များစွာကတည်းက နာမကျန်း ဖြစ်ပြီးနောက် အားအင်ပြန်လည် ပြည့်ဝစေဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ ရှီးပဒီးကို ဖြည့်စွက်စာအဖြစ် သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်လာကြပြီး အမောခံနိုင်ဖို့၊ သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်ဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့အတွက် အသုံးပြုလာကြပါတယ်။

ရှီးပဒီး၏ ကောင်းကျိုးများမှာ…
✅သွေးလည်ပတ်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်အနှံ့ အောက်စီဂျင် လုံလုံလောက်လောက် ရောက်စေတဲ့အတွက် အားကစားသမားများတွင် အမောခံနိုင်ကာ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေပါတယ်။
✅နှလုံးသွေးကြောများကို ကျဉ်းစေတဲ့ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ LDL, Triglycerides စတဲ့ အဆီတွေကို လျှော့ချပေးတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နှလုံးခုန်နှုန်း မမှန်ခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။
✅အစားအစာများမှ ထွက်လာသော Glucose သကြားဓာတ်များကို ခန္ဓာကိုယ်မှ သုံးစွဲမှု များစေခြင်းဖြင့် ဆီးချိုမတက်အောင် ထိန်းပေးပြီး ဆီးချိုကြောင့် အာရုံကြောများ မပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။
✅အဆစ်အမြစ်ရောင် လေးဖက်နာ၊ အူမကြီးရောဂါနှင့် ပန်းနာရင်ကျပ် စတဲ့ ရောဂါတွေကြောင့် ဖြစ်ပေါ်လာသော နာတာရှည် ရောင်ရမ်းခြင်းများကို လျှော့ချပေးပါတယ်။
✅ကိုယ်ခံအားကောင်းစေပြီး ဗိုင်းရပ်စ်ပိုးမွှားများရန်မှ ကာကွယ်ပေးပါတယ်။
✅ခန္ဓာကိုယ်ထဲမှာ free radicals (ဆဲလ်များမှ စွန့်ထုတ်လိုက်သည့် ဓာတ်တိုးပစ္စည်း) တွေ များနေပြီး ထို free radicals တွေကို တိုက်ထုတ်ပေးမယ့် antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေက နည်းနေမယ်ဆိုရင် လူကို အိုမင်းရင့်ရော်စေပြီး ကင်ဆာရောဂါများကို ဖြစ်စေပါတယ်။ ရှီးပဒီးမှာပါတဲ့ cordycepin နဲ့ polysaccharides တွေမှာက အစွမ်းထက် antioxidant တွေဖြစ်လို့ free radicals တွေကို တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။

လူအချို့မှာတော့ ရှီးပဒီးသောက်တဲ့အခါ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ လေပွခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပေမယ့် ဆေးညွှန်းအတိုင်းသာ သေချာလေး သောက်သုံးမယ်ဆိုရင် ရှီးပဒီးက အန္တရာယ်ကင်းပါတယ်။

ဒါကြောင့် သက်လုံကောင်းလိုသူများ၊ ဆီးချို‌ရောဂါ ကာကွယ်လိုသူများ၊ ရာသီအကူးအပြောင်း ကာလမှာ ကိုယ်ခံအားကောင်းလိုသူများအနေဖြင့် ဈေးကွက်ထဲရှိ အရည်အသွေး စိတ်ချရသော ရှီးပဒီးထုတ်ကုန်များကို ရွေးချယ်ပြီး ဖြည့်စွက်စာအဖြစ် မှီဝဲလို့ရကြောင်း မျှ၀ေလိုက်ပါတယ်ရှင့်။💯💯

Leave a Comment